ငါ ထွက်သွားတဲ့ အဝေးဆုံးနေရာအထိ
တွယ်တာမိတဲ့ သံယောဇဉ်တွေက..
ထပ်ကြပ်မကွာ တည်ရှိနေတာပါ။
သူ့..ဘေးမှာ ငါမရှိစေချင်လို့လား.ကံကြမ္မာရယ်
နင့် အဝေးကပဲ ငါလွမ်းနေပါ့မယ်။
သံယောဇဉ်နှောင်ဖွဲ့မှု
လွယ်လွယ်နဲ့ ငါမပြုတတ်ခဲ့ပါဘူး
ခိုင်မာမှု အဖုံဖုံနဲ့ ငါ့ရင်ကို
ခိုလုံစေခဲ့တာက..
နူးညံ့တဲ့ ချစ်ခြင်းတွေသာပါ။
ကြိုးးးးးအဲဒီကြိုးပေါ့ချည်နှောင်ဖို့လွယ်သလောက်
ဖြတ်တောက်ဖို့ ခဲယဉ်းလိုက်တာ
ဝိညာဉ်မဲ့ ငါ့စကားလုံးတွေနဲ့
မေ့ပျောက်ခြင်းကို သတ်ပုံမှား.၀ါကျမဖွဲ့ချင်တော့ဘူး....။
တမ်းတခြင်း သတိရစိတ်နဲ့..
ထာဝရကိုပဲ ဖက်တွယ်ထားမယ်..
ငါ နင့်ကို အမြဲသတိရတယ်
ငါ လွမ်းတတ်တယ်...
ငါ သတိရတယ်... ငါ မေ့ပျောက်ဖို့..တကယ်မလွယ်ခဲ့ဘူး...(ချစ်သူ)။
No comments:
Post a Comment