Sunday, March 31, 2013

ခန္တီးမြို့လေးသို့ သတိရခြင်း

အရုဏ်နှင်းဆီဖူးတွေက
ငွေရည်စိမ် ချင်းတွင်းမြစ်ပေါ်
နူးညံ့တဲ့ အနမ်းတွေနဲ့
အနူးညံ့ဆုံး ပြိုလဲခါစ။
သမ္မာကျမ်းစာထဲက
ကမ်းရှာငှက် ရှာမတွေ့သွားတဲ့
ခန္တီးမြို့ ကမ်းနဖူးရယ်
ခွဲခွါဝေးကွာရင်း
ဘ၀စာမျက်နှာကို
သူရဿတီ ဂါထာနဲ့
ဖွင့်ဖို့ ကြိုးစားခါစ။
သံသရာရဲ့ ပေါင်းမိုးကျဉ်းအောက်မှာ
အချစ်အတွက်
ငါ့နှလုံးသားတွေ
အချစ် ဒီရေတက်ခါစ။
ဒီလိုနဲ့ ၂၀၀၀ခုနှစ်တွေပေါ်မှာ
သူတို့နဲ့ တဖြည်းဖြည်း ဝေးကွာခဲ့
ခန္တီးမြို့ ကလေးနဲ့ ဇာတိအိမ်ကလေးရယ်
ငယ်သူငယ်ချင်းများနဲ့
မောင်နှမတွေရယ်
ပြီးတော့
အဖေနဲ့ အမေရယ်။
(တချိန်က ဖတ်ဖူးတဲ့ ကဗျာလေးကို ကြိုက်လို့ ကိုယ့်ဟာကို
ပြန်ပြင်ရေးတာ မူရင်းကဗျာလေး ပျက်သွားရင် ဆောရီးပါ
မူရင်းကဗျာခေါင်းစဉ်လဲ မမှတ်မိတော့သလို ကဗျာဆရာ နာမည်ရော 
မေ့သွားလို့ တောင်းပန်ပါတယ်)