Sunday, January 29, 2012

အောက်မေ့တမ်းတဆဲပါ

ညတစ်ညရဲ့ သန္ဓေတည်စ
နီညိုတိမ်တိုက် လှိုင်းခွပ်ရေပြင်
မြစ်ချင်းတွင်းနဲ့ တံငါလှေ
လေအေးဖြူးဖြူး ပက်ဖြန်းတဲ့
ကမ်းနံဖူးထိပ် ယာတဲဆီမှ
ငေးမောကြည့်ရှု ထိုနေ့ရက်များ
မြင်ယောင်တမ်းတ အောက်မေ့လှ။
ကိုင်းကျွန်းမြေ၌
ညအိပ်ညနေ ရှိခဲ့စဉ်များ
နေ၀င်ရီတရော ညနေခင်းဝယ်
လှေကိုခတ်ကာ မြစ်ရေပြင်၌
ချိတ၊်ပိုက်များနှင့် …
ဟင်းလျာငါးများ ထောင်ဖမ်းခဲ့။
သစ်တောမြိုင်တော ပင်များဆီက
ချိုးများကူသံ ခွင့်ခါသင့်၍
ကြားရအခိုက် ထိုခဏ၌
ငယ်စဉ်တောင်ကျေး အတိတ်ဆီသို့
အခါခါလွင့်မျော မနည်းပြီ။
ခုများခါဝယ်
ကမ္ဘာ့ထိပ်သီး တိုင်းနိုင်ငံ၌
ရောက်ရှိငြားလည်း ငါ့ရဲ့စိတ်က
အမိတိုင်းပြည် ငါ့ရဲ့ဇာတိ
နှောင်းအတိတ်တွေ လွမ်းဆွတ်တမ်းတ
အောက်မေ့လှ။